မဖြစ်နိုင်သောအရာများကို ရင်ဆိုင်ခြင်း
၂၀၀၈ ခုနှစ်ကUnited Kingdomတွင် အိမ်ဈေးများ တဟုန်ထိုးကျဆင်းခဲ့သည်။ သို့သော်
နှစ် ၄၀ သက်တမ်းရှိ ကျွန်မတို့အိမ်ကို ဈေးကွက်တင်ပြီး (၂)ပတ် အကြာတွင်
ဝယ်သူတစ်ဦးက ဈေးကောင်းပေးပြီး ကမ်းလှမ်းသောကြောင့် ကျွန်မတို့လည်း ရောင်းရန်
သဘောတူခဲ့သည်။ သို့နှင့် ကျွန်မအမွေရသည့်အိမ်ကို
ပြန်ပြင်ပြီး ထိုနေရာ၌ ပြန်နေရန် ပြင်ဆင်သည်။ သို့သော်
အရောင်းအ၀ယ် အတည်ဖြစ်ရန် ရက်အနည်းငယ်အလိုတွင်
ဝယ်မည့်သူက ဖျက်သိမ်းလိုက်၍ ကျွန်မတို့ ကြေကွဲသွားခဲ့
ရသည်။ ယခုတော့ ကျွန်မတို့ အိမ်နှစ်လုံးပိုင်သည်။
တဟုန်ထိုးဈေးကျနေသောအိမ်နှင့် ရောင်း၍မရ၊ နေရန်လည်း
မဖြစ်နိုင်သော အိမ်ပျက်ဖြစ်သည်။ ၀ယ်သူအသစ် မပေါ်လာ
မချင်း ပြင်လက်စအိမ်မှ အလုပ်သမားများကို ပေးချေရန်
ကျွန်မတို့တွင် ငွေတစ်ပြားမှ မရှိပါ။ ထိုအရာသည် မဖြစ်နိုင်
သော အခြေအနေတစ်ရပ်ပင်။
ခံတပ်အင်အား အပြည့်ရှိပြီး ၀င်တိုက်ရန် မဖြစ်နိုင်
သော…
အပြေးသွားသောဖခင်ကြီး
နေ့စဉ် သားပြန်အလာကို စောင့်ရင်း၊ အဝေးရှိ လမ်းမကြီးကို မျှော်ကြည့်ရင်း ဖခင်ကြီးမှာ
လည်ပင်းရှည်လှပြီ။ ညတိုင်း စိတ်ဓာတ်ကျလျက် အိပ်ယာဝင်ခဲ့ရသည်။ သို့သော်
တစ်နေ့တွင် မြင်ကွင်းသို့ အစက်အပြောက်လေးတစ်ခု ပေါ်လာသည်။ အနီရင့်ရောင်
ကောင်းကင်နောက်ခံတွင် အဖော်မဲ့ အားငယ်ပုံ ပေါ်သည့်
လူတစ်ဦး၏ပုံရိပ်သဏ္ဌာန်က ငူငူကြီးရပ်နေသည်။ ‘‘ငါ့သား
များလား’’ ဟုဖခင်ကြီးတွေးမိသည်။ သည့်နောက်တွင်
ရင်းနှီးပြီးသား လမ်းလျှောက်ပုံကို သူတွေ့လိုက်သည်။
‘‘ဟုတ်တယ်၊ အဲဒါ ငါ့သားပဲဖြစ်မယ်။’’
သို့နှင့် သားသည် သူနှင့် ‘‘ဝေးသေးသော’’နေရာတွင်
ရှိနေသေးလည်း ဖခင်ကြီးက သူ့ကိုမြင်လျှင် သနားသောစိတ်
ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဖက်လျက်
နမ်းရှုပ်လေ၏ (လု ၁၅း၂၀)။ အိမ်ထောင်ဦးစီးဖခင်က
သားဆီသို့ အပြေးသွားသည့် အမှုက အရှေ့အလယ်ပိုင်းဒေသဓလေ့နှင့် မလျော်ကန်၊
မဖြစ်သင့်၊ သို့သော် ဤအမှုကို ဖခင်က ပြုခဲ့သည်။ ဤအချက်က…
ဘုရားသခင်၏ကမ္ဘာ
မွေးနေ့၌ ကမ္ဘာ့မြေပုံကို မွေးနေ့လက်ဆောင်ရရှိလျှင် ကျွန်မသား ၀မ်းသာလိမ့်မည်ကို
ကျွန်မသိသည်။ အခြားပစ္စည်းများဝယ်ပြီးနောက် နယ်မြေဒေသများကို ရုပ်ပုံနှင့်
သရုပ်ဖော်ထားသည့် ရောင်စုံ ကမ္ဘာ့တိုက်ကြီးများမြေပုံကားချပ်ကို တွေ့လိုက်ရသည်။
ပါပူးဝါး နယူးဂီနီ ကျွန်းပေါ်တွင် တောင်ပံခတ်နေသော
လိပ်ပြာပုံ၊ချီလီနိုင်ငံ တစ်လျှောက် တောင်တန်းများသွယ်တန်း
သွားပုံ၊ တောင်အာဖရိကနိုင်ငံတွင် စိန်တုံးပုံ စသည့်ဖြင့် ပါရှိ
သည်။ ကျွန်မ စိတ်ကျေနပ်ပျော်ရွှင်သွားသည်။ သို့သော်
မြေပုံအောက်ခြေတွင် ရိုက်နှိပ်ထားသော ‘‘ကျွန်ုပ်တို့၏ကမ္ဘာ’’
စာသားလေးမှာ ဆင်ခြင်စရာဖြစ်သွားသည်။
ဤကမ္ဘာပေါ်တွင် ကျွန်မတို့ နေထိုင်သက်ရှင်
သောကြောင့် ကမ္ဘာဂြိုလ်သည် ကျွန်ုပ်တို့၏ ကမ္ဘာဖြစ်သည်။
ကမ္ဘာပေါ်ရှိ ရေကို သောက်သုံးခွင့် ၊ ရွှေကို တူးဖော်ခွင့်၊
ပင်လယ်ထဲရှိ ငါးများကို ဖမ်းယူ စားသောက်ခွင့် ရှိသည်။
သို့သော် ကျွန်ုပ်တို့ကို ဘုရားသခင်က အခွင့်ပေးထားခြင်းကြောင့်သာ ဖြစ်သည် (က
၁း၂၈-၃၀)။ အမှန်စင်စစ်…
ကျားသစ်ထက် ပိုပြေးနိုင်သည်
အာဖရိက ချီတာကျားသစ်သည် အချိန်တိုလေးအတွင်း ၁နာရီလျှင် ၁၁၂ ကီလိုမီတာ
(မိုင် ၇၀) နှုန်းအထိ ပြေးနိုင်ကြောင်း ကျော်ကြားသည်။ သို့သော် ခရီးဝေးကိုဖြင့်
ကြာကြာမပြေးနိုင်ပါ။ အရှေ့မြောက်အရပ်ရှိ ကန်ယန် ရွာသား ၄ ဦးသည် ၄ မိုင် ခြေလျင်
ပြေးပွဲတွင် ကျားသစ်နှစ်ကောင်ထက် ပိုပြေးနိုင်ခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက
သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်ပုံက ကျားသစ်ကြီးနှစ်ကောင်သည် ရွာမှ
ဆိတ်များကို ဖမ်းဆီးစားသောက်နေပုံရသည်။ သို့ဖြစ်၍
ရွာသား ၄ ဦးမှာ ထိုအန္တရာယ်ကို တားဆီးရန် အကြံတစ်ခု
ရသွားသည်။ ၎င်းတို့သည် တစ်နေ့တာအပူချိန် အမြင့်ဆုံး
(မွန်းတည့်)ချိန်တွင် ထိုကြောင်ကြီးမျိုးကို လိုက်သည်။
၎င်းတို့ ဆက်မပြေးနိုင်တော့သည့်အထိ သူတို့နောက်
တောက်လျှောက် လိုက်သည်။ နောက်ဆုံး မောပန်းနေသော
ကျားသစ်များကို အန္တရာယ်ကင်းစွာ ဖမ်းဆီးနိုင်ခဲ့ပြီး ကန်ယန်
ဘေးမဲ့တော၌…
ကျွန်ုပ်တို့သည် တစ်ဖွဲ့တည်း
ဆရာကတော်တစ်ဦး၌ ပါကင်ဆန် အာရုံကြောအားနည်းရောဂါ ရှိနေကြောင်း စစ်ဆေး
တွေ့ရှိခဲ့၍ မိသားစုမှာ အခက်ကြုံလျက် သောကရောက်ကာ စိတ်ဖိစီးမှုခံစားရသည်။
အသင်းတော်မိသားစုကြီး၏တာဝန်ကို တစ်ဖက်၌ ထမ်းဆောင်ရင်း ဇနီးသည်ကို
မည်သို့ ကိုယ်ဖိရင်ဖိ ပြုစုစောင့်ရှောက်ရမည်နည်းဟု ဆရာခမျာ အတွေးများနေသည်။
သို့သော် သူပူပန်စရာအကြောင်း မရှိပါ။ အသင်းသားများ
စုရုံးရောက်ရှိလာပြီး စေတနာနှင့် အစားအသောက်များ
ပြင်ဆင်ပေးသည်။ ဆရာကတော်ကို ပြုစုပေးပြီး ကူညီကြ
သည်။
သခင်ဘုရားက ၀ိညာဉ်ဆုကျေးဇူးများ ချပေးသနား
ရသည့် ရည်ရွယ်ချက်ကို ရှင်ပေါလုက ကောရိ နသု
အသင်းတော်သို့ စာရေးသားပေးပို့ခဲ့သည်။ အမျိုးမျိုးသော
ဆုကျေးဇူးများအကြောင်း (၁ ကော ၁၂း၈-၁၀) မပြောမီ
ရှင်ပေါလုက ‘‘ကောင်းသောအကျိုးအလိုငှာသာ ၀ိညာဉ်
ဆုကျေးဇူးကို လူအသီးသီးတို့အား ထင်ရှားစွာ ပေးတော်မူ
ကြောင်း’’ (း၇) သူတို့ကို သတိပေးသည်။ မိမိကိုယ်ကျိုး အတ္တ…
အကောင်းဆုံး ငါးမျှားနိုင်သည့် နေရာ
လွန်ခဲ့သောလ အနည်းငယ်က ကျွန်တော့်မိတ်ဆွေ Gus ကွယ်လွန်သွားသည်။
သူသည် ငါးမျှားဝါသနာပါသူတစ်ဦးဖြစ်ပြီး စနေ တနင်္ဂနွေနေ့များတွင် သိပ်မဝေးလှသော
ရေကန်၌ လှေလေးတစ်စင်းဖြင့် ငါးမျှားနေတတ်သည်။ လွန်ခဲ့သောရက်က သူ့သမီး
ဖြစ်သူ ဟေဒီ ထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။ စာထဲတွင် သူ့အဖေ ကောင်းကင်
အိမ်တော်သို့ ပြန်သွားပြီးနောက်ပိုင်း ဟေဒီသည် မြေး များနှင့်
ကောင်းကင်ဘုံအကြောင်း ပြောဆိုကြကြောင်း၊ ၆နှစ်အရွယ်
ငါးမျှားဝါသနာပါသည့် မြေးက ပြုံးစစနှင့် ‘‘ကောင်းကင်ဘုံက
အရမ်း လှပသာယာတယ်။ အင်း ... ပြီးတော့ သခင်ယေရှုက
ဘိုးဘိုးကြီးကို အကောင်းဆုံး ငါးမျှားလို့ရတဲ့နေရာကို
လိုက်ပြတယ်’’ ဟူ၍ ကောင်းကင်ဘုံအကြောင်း၊ သူ့အဘိုး
အကြောင်းပြောသည်ဟု စာ၌ ပါရှိသည်။
ကောင်းကင်ဘုံအကြောင်း ဘုရားသခင် ပေးသော
ရူပါရုံကို ရှင်ပေါလု ပြန်လည်ပြောရာတွင် ပြောမပြတတ်
အောင်ပင် စကားလုံးရှာမရ…
ကျွန်ုပ်အတွက် များလွန်းလှသည်
‘‘ကင်ဆာရောဂါကြောင့် ငါးနှစ်အရွယ် သားငယ်ဆုံးရှုံးခဲ့ရသည့် ဖခင်ကို တစ်စုံတစ်ဦးက
ကျွန်တော်တို့ ခံနိုင်တာထက်ပိုပြီး ဘုရားသခင်က ဘာကိုမှ မပေးပါ” ဟု ပြောခဲ့သည်။
အားပေးနှစ်သိမ့်ရန် ရည်ရွယ်ပြီးပြောသော ထိုစကားများက သူ့အား စိတ်ဓါတ်ကျ ညှိုးငယ်
သွားစေပြီး သားငယ်ဆုံးရှုံးမှုအပေါ် အဘယ့်ကြောင့် လုံးဝခံနိုင်ရည်မရှိ ဖြစ်ရတာလဲဟု
အတွေးများခဲ့သည်။ မခံနိုင်လောက်အောင် နာကျင်လွန်းလှ၍
အသက်မရှုနိုင်လောက်အောင် မွန်းကြပ်ရသည်။ သူ၏
ပူဆွေးမှုက ကြီးမားလွန်း၍ ဘုရားသခင် သူ့ကို တင်းကျပ်စွာ
ထွေးပွေ့ထားရန် သူအလွန်အမင်း တောင့်တမိသည်။
အချို့က “ကျွန်တော်တို့ ခံနိုင်တာထက်ပိုပြီး ဘုရား
သခင်က ဘာကိုမှ မပေးပါ” ဟူသောအဆိုကို ထောက်ပံ့မည့်
ကျမ်းပိုဒ်အဖြစ် “သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်း
နှောင့်ယှက်ခြင်း အရာနှင့်တကွ ထွက်မြောက်သောလမ်း
ကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်” ဟူသည့် (၁ ကော
၁၀း၁၃) ကို…
မစိုးရိမ်နှင့်
အမေရိကန် ဟာသသရုပ်ဆောင် ဂျော့ဘန်းစ်က ‘‘အသက်ရှည်ခြင်း၏ အရေးကြီးဆုံး
သော့ချက်ကား အဘယ်နည်းဟု သင်မေးလာပါက စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုနှင့် တင်းမာမှု
များကို ရှောင်ရှားပါလို့ ကျွန်တော်ဖြေမယ်။ သင်ဘာမှမမေးလျှင်လည်း ဒီလိုပဲ
ကျွန်တော်ဖြေမှာ” ဟူ၍ ပြောခဲ့ဖူးသည်။ လူများကို ပျော်ရွှင်
ရယ်မောအောင် လုပ်ရခြင်းကို နှစ်သက်သူ ဂျော့ဘန်းစ်သည်
အသက် ၁၀၀ ပြည့်တော့မည်ဖြစ်ပြီး သူ့ပေးသည့်အကြံ
အတိုင်း သူကိုယ်တိုင် ရှင်သန်နေကြောင်း ထင်ရှားသည်။
သို့သော် မသေချာမရေရာမှု၊ အခက်ပြဿနာများ၊
လိုအပ်မှုများနှင့် ပြည့်နေသည့် ဘ၀တွင် စိုးရိမ်ပူပန်စရာများ
မည်ကဲ့သို့ ကင်းဝေးနိုင်ပါမည်နည်း။ ပထမရာစုနှစ်များ
အတွင်း ညှဉ်းပမ်းမှုများကြောင့် အာရှတစ်ခွင် ပျံ့နှံ့ကုန်သော
ယေရှုနောက်တော်လိုက်များအား တမန်တော် ရှင်ပေတရုက
“ထို့ကြောင့် ကာလအချိန်တန်လျှင် ဘုရားသခင်သည်
သင်တို့ကို ချီးမြှောက်တော်မူမည် အကြောင်း တန်ခိုးကြီးသော လက်တော်
အောက်၌ ကိုယ်ကိုနှိမ့်ချကြလော့။…
ဆုအရင်တောင်းပါ
သား၏စန္ဒယားလေ့ကျင့်တီးခတ်ခြင်းကို ကူညီကြီးကြပ်ရာ၌ ကျွန်မတို့ဇနီးမောင်နှံသည်
ဘုရားသခင် ကူမမည့်အကြောင်း ဆုတောင်းခြင်းဖြင့် အစပြုသည်။ ကျွန်မရော
ခင်ပွန်းသည်ပါ စန္ဒယားမတီးတတ်၍ အရင်ဦးဆုံး ဆုတောင်းရခြင်းဖြစ်သည်။ သို့နှင့်
ကျွန်မတို့သုံးဦးသား “Staccato” အသံ ဆက်တောက်
ဆက်တောက် တီးခြင်း၊ “Lagato” အသံ ငြိမ့်ညောင်းစွာ
တီးခတ်ခြင်း၊ အနက်ရောင်ခလုတ်များကို မည်သည့်
အချိန်၌ တီးခတ်ရမည် အစရှိသည်ဖြင့် တေးဂီတ၏ နက်နဲ
ဆန်းကြယ်မှုကို သိနားလည်လာရသည်။
ဘုရားသခင်၏ အကူအညီလိုအပ်ကြောင်း ကျွန်ုပ်တို့
သိမှတ်ဝန်ခံချိန်၌ ဆုတောင်းခြင်းက ပထမဦးစားပေး ဖြစ်
လာသည်။ ကိလမြို့ရှိ ဖိလိတ္တိလူများကို ပြန်တိုက်ထုတ်ရန်အရေးကို စဉ်းစားမိသော်
အန္တရာယ်များသောအခြေအနေ၌ ဘုရားသခင်၏အကူအညီကို ဒါဝိဒ်လိုအပ်သည်။
စစ်မချီမီတွင် “အကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို သွား၍လုပ်ကြံရပါမည်လော” ဟု
ထာဝရဘုရားအား ဒါဝိဒ် မေးလျှောက်ခဲ့သည် (၁ရာ ၂၃း၂)။ သွားတိုက်ရန် ဘုရားသခင်
သဘောတူစေကာမူ၊…
အဲဒါ ငါ့အပိုင်
အာဖရိကတိုက်မြောက်ပိုင်းရှိ နိုင်ငံအတော်များများကိုဖြတ်သန်းပြီး မြောက်အရပ်သို့
စီးဆင်းသွားသော နိုင်းလ် မြစ်သည် ၆၆၅၀ ကီလိုမီတာ (မိုင်ပေါင်း ၄၁၀၀ ကျော်)
ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံးမြစ်ဖြစ်သည်။ ရာစုနှစ်များစွာကပင် ၎င်းဖြတ်သန်းစီးဆင်း
သွားသည့် နိုင်ငံများရှိ သန်းပေါင်းများစွာသော ပြည်သူလူထု
အတွက် ရေမြေသယံဇာတနှင့်ရေလုပ်ငန်းများကို ထောက်ပံ့
ပေးခဲ့သည်။ လက်ရှိတွင် နိုင်းလ် မြစ်ပေါ်တွင် အာဖရိက
တိုက်၏ အကြီးမားဆုံး ရေအားလျှပ်စစ် ထုတ်ပေးနိုင်မည့်
ရေကာတာကို အီသီယိုးပီးယားနိုင်ငံမှ တည်ဆောက်လျက်
ရှိပြီး၊ ၎င်းသည် ယင်းဒေသအတွက် ကြီးမားသော စွမ်းအင်
အရင်းအမြစ် ဖြစ်သည်။
အီဂျစ်ဘုရင် ဖာရောမင်းသည် နိုင်းလ် မြစ်၏အရှင်၊ နိုင်းလ် မြစ်ကို ဖန်ဆင်းသူ
အဖြစ် ပြောစမှတ်တွင်ခဲ့သည်။ “ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဘို့ ငါဖန်ဆင်းပြီ”ဟု သူနှင့် အတူ
အီဂျစ်နိုင်ငံသားအားလုံးက ဂုဏ်ယူဝင့်ကြွားကြသည် (ယေဇ ၂၉း၃၊…